|
နိဒါန်း
မြန်မာနိုင်ငံအတွင်း
စားနပ်ရိက္ခာဖူလုံရေးအတွက်
ဝိုင်းဝန်းဆောင်ရွက်လျှက်ရှိရာ၊
အစိုးရမဟုတ်သော အဖွဲ့အစည်း (၂၀)
ကျော်မှ
စုပေါင်းအဖွဲ့ဖွဲ့၍လုပ်ကိုင်ဆောင်
ရွက်ရာ၊ စားနပ်ရိက္ခာ ဖူလုံရေးအတွက်
အရည်အချင်းမြှင့်တင်ရေးစီမံကိန်း (CBFS
project) ကို ဧပြီလ ၂၀၀၆ ခုနှစ်တွင်
စတင်အကောင်အထည်ဖော်ခဲ့ပါသည်။
ဤစီမံကိန်း၏ အထောက်အပံ့ဖြင့်
အဖွဲ့အစည်း (၈)ခုမှ
တက်ကြွစွာပါဝင်ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။
ဤစီမံကိန်းဖြင့် ရှမ်း၊ ကချင်၊
ရခိုင်၊ချင်းပြည်နယ်များတွင်
စိုက်ပျိုးရေးနည်းပညာများကို တောင်သူ
သင်တန်းကျောင်း(Farmer Field School)
များဖွင့်လှစ်၍ ပညာပေး လုပ်ငန်းများ
ဆွေးနွေးဖလှယ်လျှက်ရှိပါသည်။
စိုက်ပျိုးရေးနည်းပညာသင်တန်းကျောင်း (FFS)
များသည်မြန်မာနိုင်ငံအတွင်း
လွန်ခဲ့သည့် နှစ်များက အသုံးပြုခဲ့သော
စိုက်ပျိုးရေးပညာပေးနည်းစနစ်များကို
ပြုပြင် ပြောင်းလဲသည့်
နည်းစနစ်တစ်ခုဖြစ်ပါသည်။
ကျေးရွာဒေသရှိ
စိုက်ပျိုးရေးလုပ်ကိုင်နေသည့်
တောင်သူများ၏ကွင်းများထဲတွင်
နည်းပညာများကို သင်ယူလေ့လာ သည့်
နံရံမရှိသော ကျောင်းများဖြစ်ပါသည်။
ဦးဆောင်သည့်သူများမှာ
ဆရာများမဟုတ်ပါ။ တောင်သူများ
ကိုယ်တိုင်
လေ့လာဆွေးနွေးတိုင်ပင်၊ဆုံးဖြတ်၍
ပညာသင် ယူသောစနစ် ဖြစ်ပါသည်။
ဦးဆောင်သူများသည် တောင်သူများ၏
နည်းပညာသင်ယူမှုကို
ပံ့ပိုးကူညီသူများသာဖြစ်ပါသည်။
သင်တန်းကျောင်းကို သတ်မှတ် ထားသည့်
နေရာ၊ အချိန်တွင် မှန်မှန်တွေ့ဆုံ၍
သီးနှံတစ်ရာသီလုံး ပညာဆည်းပူးရာ
နေရာဖြစ်သဖြင့်၊ သီးနှံပင်များ
ပြောင်းလဲကြီးထွားသည့်
ကာလတစ်လျှောက်လုံး နည်းပညာများ
ပြောင်းလဲတတ်ကျွမ်းလာပါသည်။
တောင်သူအချင်းချင်းနည်းပညာများ
ဆွေးနွေးဖလှယ်သည့် ကွန်ယက်လည်း
ဖွဲ့စည်းနိုင်ခြင်းဖြစ်ပါ သည်။
တောင်သူသင်တန်းကျောင်းကိုဖွင့်လှစ်ရာတွင်နည်းစနစ်အမျိုးမျိုးရှိရာ၊ဖွင့်လှစ်ဆောင်ရွက်ရာတွင်စနစ်တကျဖြစ်ရန်
လမ်းညွှန်
ချက်များလိုအပ်မည်ဖြစ်ပါသည်။ဤလက်စွဲစာအုပ်ငယ်ကို
တောင်သူစိုက်ပျိုးရေးနည်း
ပညာပေးသင်တန်းကျောင်းများကို
ဦးဆောင်မည့်သူများအတွက်
ရေးသားပြုစုထားခြင်းဖြစ်ပါသည်။
ဤလက်စွဲစာအုပ်ငယ်ဖြင့်တောင်သူသင်တန်းကျောင်း၏သဘောတရား၊ကျောင်းနေရာ၊ဦးဆောင်မည့်သူများ၊တက်ရောက်မည့်
တောင်သူများအားရွေးချယ်ရာတွင်သတိပြုရမည့်သတ်မှတ်ချက်များ၊ဦးဆောင်မည့်သူများအတွက်သင်တန်းများ၊ကျောင်း
အကြို
သင်တန်းများ၊ရာသီချိန်သင်တန်းများဆောင်ရွက်ပုံအဆင့်ဆင့်ကိုရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။
တောင်သူသင်တန်းကျောင်းများ ဦးဆောင်
ဆောင်ရွက်မည့်သူများသည်
ဤလက်စွဲစာအုပ်ဖြင့် အကြံပြုထားသည့်
လမ်းညွှန်ချက်များအား အသုံးပြုကာ
မိမိအရပ် ဒေသ အခြေအနေ၊
လိုအပ်ချက်များအပေါ်မူတည်၍၊
ပြောင်းလဲသတ်မှတ်ဆောင်ရွက်နိုင်ပါသည်။ပိုမိုသင့်လျော်မည့်
နည်းစနစ်များ စမ်းသပ်တွေ့ရှိပါက
အကြံပြုချက်
များကို ပို့ပေးပါရန်
လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါသည်။
မြန်မာနိုင်ငံတွင်
စိုက်ပျိုးရေးနည်း
ပညာပြန့်ပွားရေးပြောင်းလဲလာပုံ
» စိုက်ပျိုးရေးနည်းပညာ
လက်ဆင့်ကမ်းခြင်း
» စိုက်ပျိုးရေးခြံများတွင်
သုတေသနဆောင်ရွက်၍အဖြေများပြန့်ပွားပေးခြင်း
» စိုက်ပျိုးတောင်သူများနှင့်
သုတေသနပြုသူများချိတ်ဆက်အဖြေရှာ၍၊
နည်းပညာပေးခြင်း
» စိုက်ပျိုးရေးပညာများကို
တောင်သူများမှဖော်ထုတ်အဖြေရှာ၍
နည်းပညာများ ပြန့်ပွားပေးခြင်း

read more » |
download |