www.myanmarfswg.net

   
 
 
 

 

Newsletter subscription

Name

Email

 
 

FOOD SECURITY WORKING GROUP 

 

မြန်မာနိုင်ငံရှိ ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးအဖွဲ့

ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးအဖွဲ့

Myanmar |

English

ACF အဖွဲ့သည် နိုင်ငံရေး^ဘာသာရေးတို့နှင့်မသက်ဆိုင်သော၊ နိုင်ငံတကာ-အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ၁၉၇၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ ယခုအခါ နိုင်ငံပေါင်း(၄၃)နိုင်ငံတွင် စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါသည်။ 


Action Contre La Faim – Myanmar / ACF
– မြန်မာ

ACF အဖွဲ့သည် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး၊ ၁၉၉၄ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတွင်လုပ် ငန်းများစီမံဆောင်ရွက်ခဲ့ပါသည်။

ACFအဖွဲ့သည်စီမံကိန်းဒေသအတွင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အကူအညီအလို အပ်ဆုံးနှင့်အားအနည်းဆုံး ပြည်သူများ နှင့်၎င်းတို့၏အခြေခံလိုအပ် ချက်များကို ကူညီရန် ဦးတည်ချက်ထားရှိပါသည်။

ယင်းသို့ဆောင်ရွက်ရာတွင်ဒေသခံပြည်သူများ၏တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်မှုများနှင့်ဒေသဆိုင်ရာကျန်းမာရေး ၀န် ထမ်းများ၏၀ိုင်းဝန်းကူညီမှုများအပေါ် အမှီပြုအားထား၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ 

ACF အဖွဲ့မှဆောင်ရွက်လျှက်ရှိသော စီမံကိန်း - အစီအစဉ်လုပ်ငန်းများ

» အာဟာရ အစီအစဉ်
»
စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်
»
ရေနှင့်သန့်ရှင်းမှု အစီအစဉ်

အထက်ဖော်ပြပါစီမံကိန်း^အစီအစဉ်လုပ်ငန်းများကိုရခိုင်ပြည်နယ်(မြောက်ပိုင်း)၊မောင်တောမြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်တို့တွင်အကောင်အထည်ဖော်ဆောင် ရွက်လျှက်ရှိပါသည်။ 

အာဟာရ အစီအစဉ်
ACF အဖွဲ့၏အာဟာရအစီအစဉ်ဆိုင်ရာရည်ရွယ်ချက်သည်ကျေးလက်ဒေသအတွင်းလတ်တလောအာဟာရချို့တဲ့မှုကြောင့်သေဆုံး နိုင်သည့်အန္တရာယ်ကို လျှော့ ချရန် ဖြစ်ပါသည်။အာဟာရအစီအစဉ်၏လုပ်ငန်းဆောင်ရွက်မှုများမှာ ဖော်ပြပါအတိုင်းဖြစ်ပါသည်။


ဖြည့်စွက်အာဟာရအစီအစဉ် (အသင့်အတင့်အာဟာရချို့တဲ့မှုကိုကုသခြင်းနှင့်အလွန်အမင်းအာဟာရချို့တဲ့မှုကိုကာကွယ်ခြင်း)
ဖြည့်စွက်အာဟာရပေးဝေရေးစခန်းများတွင်အထောက်ပံ့ပေးခြင်းခံရသူများအား၎င်းတို့၏နေ့စဉ်ပုံမှန်အစားအစာများတွင်ဖြည့်စွက် စားသုံးရန်ကုထုံးဆိုင်ရာ ဖြည့်စွက် အာဟာရမှုန့်များကို ထောက်ပံ့ပေးပါသည်။ 

ကုထုံးဆိုင်ရာအာဟာရ ပြုစုကုသရေးအစီအစဉ်(အလွန်အမင်းအာဟာရ ချို့တဲ့သူများကိုကုသခြင်း)
ကုထုံးဆိုင်ရာအာဟာရပြုစုကုသရေးစခန်း၊ပြင်ပလူနာ-ကုထုံးဆိုင်ရာအစီအစဉ်နှင့်အိမ် တိုင်ယာရောက်ပြုစုကုသရေး အစီအစဉ် များပါဝင်ပါသည်။

အလွန်အမင်းအာဟာရချို့တဲ့သည့်ကလေးငယ်များအားပြုစုကုသမှုတစ်လျှောက်လုံးတွင် ဆေးဝါးကုသမှုနှင့် အာဟာရဆိုင်ရာ ဆက်လက်စောင့်ရှောက်ကြည့်ရှုခြင်း များကို အနီးကပ်၊ ဂရုပြုဆောင်ရွက်ရန်လိုအပ်ပါသည်။ ကုထုံးဆိုင်ရာ အာဟာရပြုစု ကုသ ရေးစခန်းများတွင်အလွန်အမင်းအာဟာရချို့တဲ့သူ^အထောက်ပံ့ပေးခြင်းခံ ရသူများသည်ကုထုံးဆိုင်  ရာအာဟာရများနှင့် လိုအပ် သောဆေးဝါးကုသမှုများ (စနစ်တကျကုသမှုပေးခြင်းနှင့် ဆေးဘက်ဆိုင်ရာ ဆက်လက်စောင့် ရှောက် ကြည့် ရှုခြင်း)ကို ရရှိပါသည်။

ကုသမှု၏ပထမပိုင်းကိုပြုစုကုသရေးစခန်း(နေ့-စောင့်ရှောက်ရေး)တွင်ပြုလုပ်ပြီးဒုတိယပိုင်းကုသမှုကိုနေအိမ်တွင်(အိမ်တိုင်ယာရောက် ပြုစုကုသရေးအစီအစဉ်မှ တဆင့်) ပြုလုပ်ပါသည်။ သို့မဟုတ် အထောက်ပံ့ပေးခြင်းခံရသူများ၏အခြေအနေအရ ပြင်ပလူနာ-ကုထုံးဆိုင်ရာအစီအစဉ်အဖြစ် ပြုစုကုသမှုပေးခြင်း တစ်ခုလုံးကို နေအိမ်တွင်သာ တိုက်ရိုက်ပြုလုပ်ပါသည်။  

ကျန်းမာရေးနှင့် အဟာရဆိုင်ရာ ပညာပေးအစီအစဉ်
ဖြည့်စွက်အာဟာရအစီအစဉ်တွင်ဖြည့်စွက်အာဟာရများဖြန့်ဝေမှုတိုင်း၌အထောက်ပံ့ပေးခြင်းခံရသူများအတွက်ကျန်းမာရေးနှင့်အာဟာရဆိုင်ရာပညာပေး အစီအစဉ်များ ကိုဆောင်ရွက်ပါသည်။ အထောက်ပံ့ပေးခြင်းခံရသူအသစ်များအတွက် သီးခြားပညာ ပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးပါသည်။

ကုထုံးဆိုင်ရာအာဟာရပြုစုကုသရေးအစီအစဉ်တွင်လည်း နေ့စဉ်ပညာပေးအစီအစဉ်များဖြင့် ကျန်းမာရေးနှင့်အာဟာရဆိုင်ရာ ပညာပေးအစီအစဉ်များကို ဆောင်ရွက် ပါသည်။ 

ပြုစုစောင့်ရှောက်ရေးနှင့် ကုသမှုအပေါ်လူမှုစိတ်ပညာဆိုင်ရာဆောင်ရွက်မှု
အာဟာရချို့တဲ့မှုအား ကုသမှုပေးရာတွင် လူမှုစိတ်ပညာဆိုင်ရာလုပ်ဆောင်ချက်များသည် အထူးအရေးပါ ပါသည်။ ဆောင်ရွက် ရသည့် လုပ်ဆောင်ချက် အချို့ကို ဖော်ပြရမည်ဆိုလျှင် -

» ပြုစုစောင့်ရှောက်သူအားပံ့ပိုးကူညီမှုပေးခြင်း၊ (အကျိုးခံစားခွင့်ရှိသူတိုင်းနှင့် တစ်ဦးချင်းတွေ့ဆုံမေးမြန်းမှုပြုလုပ်ခြင်းစသည်)
»
ကလေးငယ်နှင့် ပြုစုစောင့်ရှောက်သူအကြား ကောင်းမွန်သောဆက်ဆံရေးရှိစေရန် အထူးဂရုပြု၍ ပံ့ပိုးစောင့်ရှောက်မှုပေးခြင်း၊
»
ပြုစုစောင့်ရှောက်သူများ^မိခင်များနှင့် ကလေးငယ်များအတွက် ဆော့ကစားရန် အချိန်၊ နေရာများ စီစဉ်ဆောင်ရွက်ပေးခြင်း၊
»
ပြုစုစောင့်ရှောက်သူများ^မိခင်များအတွက်ဆောင်ရွက်မှုပေးမှုများ- ၄င်းတို့၏ကလေးများအတွက် အင်္ကျီချုပ်ခြင်း၊ ကစားစရာ အရုပ်များပြုလုပ်ခြင်း တို့ကိုလေ့ကျင့် သင်ကြားပေးခြင်း၊
»
ဦးတည်အုပ်စုလိုက်ဆွေးနွေးခြင်း၊ အိမ်တိုင်ယာရောက်လေ့လာကြည့်ရှုခြင်းနှင့် မိသားစုဆွေးနွေးခြင်းများ၊

စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်
စားနပ်ရိက္ခာဖူလုံရေးအစီအစဉ်ဖြင့်အကူအညီလိုအပ်နေသည့်အိမ်ထောင်စုများအားလူနေမှုဘ၀ပြည့်စုံဖူလုံမှု-တိုးမြှင့်ရေးနှင့်မိမိဘာသာ ပြည့်စုံဖူလုံမှုရှိရရေးစွမ်းရည်မြှင့် တင်မှုတို့ကို ဆောင်ရွက် ရန်ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်မည့်သူကိုယ်တိုင် အကောင်အထည်ဖော်ရသည့် ပံ့ပိုးကူညီမှု(၂)မျိုးဖြင့် စီမံဆောင်ရွက်ခြင်းဖြစ်ပါသည်။

စားနပ်ရိက္ခာထုတ်လုပ်ရေး လုပ်ငန်းဆောင်ရွက်မှုများ
အိမ်ထောင်စုအဆင့် စိုက်ပျိုးရေးဆိုင်ရာလိုအပ်သည့် ပစ္စည်းကိရိယာများ(နည်းပညာ၊မျိုးစေ့စသည်တို့)နှင့်မွေးမြူရေးအတွက်အိမ်မွေးတိရစ္ဆာန်တို့ကိုပံ့ပိုး ကူညီပေး ခြင်းဖြင့် အိမ်ထောင်စု အဆင့်စားနပ်ရိက္ခာထုတ်လုပ်နိုင်မှုကို တိုးမြှင့်ရန်ဖြစ်ပါသည်။

ဝင်ငွေတိုးမြှင့်ရေး လုပ်ငန်းဆောင်ရွက်မှုများ
ဝင်ငွေတိုးမြှင့်ရေးလုပ်ငန်းဆောင်ရွက်မှုကိုစိတ်ဝင်စားမှုရှိပြီးစတင်လုပ်ကိုင်ရန် စွမ်းဆောင်ရည်နှင့်ဆောင်ရွက်နိုင်စွမ်းရှိသည့်သူများ(တစ်ဦးချင်းနှင့်ရပ်ရွာ အခြေပြုအုပ်စု ငယ်များ)ကို ငွေကြေး အကူအညီပံ့ပိုးပေးခြင်းဖြင့် ၄င်းတို့၏ လူမှုဘ၀ဆိုင်ရာ ဖူလုံ စိတ်ချရမှုကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။

စားနပ်ရိက္ခာဖူလုံရေးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်မှုများ
စားနပ်ရိက္ခာဖူလုံရေးစောင့်ကြပ်ကြည့်ရှုခြင်းတွင်ကောက်ယူရရှိနိုင်သည့်သတင်းအချက်အလက်များကိုစုစည်းခြင်းနှင့်ဒုတိယအဆင့်အားဖြင့်ရရှိသည့်
သတင်းအချက်အလက် များကိုစီစစ်သုံးသပ်ပါသည်။ ၄င်းနည်းလမ်းဖြင့် စီမံကိန်းဆောင်ရွက်ရာဒေသ အတွင်း စားနပ်ရိက္ခာဖူလုံမှုအခြေအနေကို စောင့်ကြပ် ကြည့်ရှုခြင်းဆောင်ရွက်ပါသည်။

ရေနှင့်သန့်ရှင်းမှု အစီအစဉ်
ဤအစီအစဉ်တွင် ရေကောင်းရေသန့်ရရှိရေး၊ ယင်လုံအိမ်သာဆောက်လုပ်ရေး နှင့် သန့်ရှင်းမှုမြှင့်တင်ရေးလုပ်ငန်းများ ပါဝင် ပါသည်။

ဤှုအစီအစဉ်၏ရည်ရွယ်ချက်သည် ရေကောင်းရေသန့်ရရှိမှုကို ရေရှည်တည်တံ့ခိုင်မြဲစွာတိုးမြှင့်ခြင်းဖြင့် ရေကြောင့်ဖြစ်ပွားတတ် သောရောဂါများကို ကာကွယ်တားဆီး ရန်နှင့်၊  အညစ်အကြေးစွန့်ပစ်သည့်နည်းစနစ်များကို တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်ခြင်းဖြင့် မစင်အညစ်အကြေးများမှ ရောဂါကူးစက်ဖြစ်ပွားနိုင်မှုအန္တရာယ် ကို လျော့ချနိုင်စေရန်တို့ဖြစ်ပါသည်။

လုံလောက်သော ရေကောင်းရေသန့်ရရှိရေး ဆောင်ရွက်ခြင်း
ရေရရှိရေးစီမံချက်နှင့်ပတ်သက်၍ ဗင်္ဃ အဖွဲ့၏ဆောင်ရွက်မှုများတွင် ကျေးရွာလူထု၏ပါဝင်ဆောင်ရွက်မှုသည် အဓိကကျ၊ အရေးကြီးပါသည်။ ၄င်းတို့ရပ်ရွာအတွက် အသင့်တော်ဆုံးနေရာမှ ရေရရှိရန်အတွက် ကျေးရွာလူထုနှင့် တွေ့ဆုံဆွေးနွေးခြင်း များ^ လေ့လာကြည့်ရှုခြင်းများကို ပြုလုပ်ပါသည်။

ACF အဖွဲ့က အကောင်အထည်ဖော်တည်ဆောက်ပေးသည့်(သို့မဟုတ်) ပြန်လည်ပြုပြင်ပေးသည့် ရေရရှိရန်နေရာများ (water points)တွင် မြေအောက် ရေတွင်းများ (အ၀ီစိတွင်းများ)၊ အုတ်စီရေတွင်းများ၊ ကျေးရွာရေကန်များနှင့် စိမ့်စမ်းရေသွယ် များပါဝင်ပါသည်။ 

ရေတွင်း-ရေကန်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီများ၊ ထိန်းသိမ်းစောင့်ရှောက်သူများအား လေ့ကျင့်ပညာပေးခြင်း
ACF အဖွဲ့သည် တည်ဆောက်ထားသည့်(သို့မဟုတ်) ပြန်လည်ပြုပြင်ထားသည့် ရေရရှိရာနေရာများ(ရေတွင်း-ရေကန်များ)ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရေတွင်း-ရေကန်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီများကို ဖွဲ့စည်းမြှင့်တင်ပေးပါသည်။ ဤသို့ဖွဲ့စည်း^မြှင့်တင်ပေးရခြင်း၏ရည်ရွယ်ချက်မှာ ၄င်းတို့၏စွမ်းဆောင် ရည်များနှင့် မိမိဘာသာပြည့်စုံဖူလုံမှုရှိရေးကို မြှင့် တင်နိုင်စေရန်ဖြစ်ပါသည်။

ကော်မတီများသည် ၄င်းတို့၏ရေတွင်း^ရေကန် ရေရှည်တည်တံ့ခိုင်မြဲစေရေးကို လွတ်လပ်စွာ စီမံဆောင်ရွက်နိုင်ပြီး ဗင်္ဃ အဖွဲ့ ကလည်း ၄င်းရေတွင်း^ရေကန်ကို ကျေးရွာလူထုပိုင်အဖြစ် သဘောပေါက်လက်ခံမှုရှိလာစေရန် အားဖြည့်မြှင့်တင်ပေးပါသည်။ 

ရေတွင်း^ရေကန်များကို လိုအပ်လာလျှင်ပြုပြင်ရန်နှင့် သင့်လျော်သောထိန်းသိမ်းစောင့်ရှောက်မှုပြုနိုင်ရန် လက်နှိပ်ပန့်တပ်ဆင် ထားသည့်ရေတွင်းတိုင်းအတွက် ရေတွင်း^လက်နှိပ်ပန့်-ထိန်းသိမ်းစောင့်ရှောက်သူများအား လေ့ကျင့်ပညာပေးပါသည်။ ပြုပြင် ရာတွင် လိုအပ်နိုင်သည့်ကိရိယာများနှင့် အပိုပစ္စည်း-အစိတ်အပိုင်းများပါဝင်သည့်သေတ္တာတစ်လုံးကိုလည်း ကော်မတီတိုင်းသို့ ထောက်ပံ့ ပေးအပ်ထားပါသည်။ 

သဲရေစစ်ပုံးများထောက်ပံ့ပေးခြင်း
အိမ်သုံးအဆင့်ရေသန့်စင်ခြင်းကိရိယာများ(သဲရေစစ်ပုံးများ)ကိုထောက်ပံ့ပေးခြင်းဖြင့် သံဓာတ်ပါဝင်မှုမြင့်မားသည့်ရေကို အသုံး ပြုနိုင်ရန် အားဖြည့်မြှင့်တင် ပေးပါသည်။ ဤသဲရေစစ်ပုံးများမှာ ရေတွင်ပါဝင်သည့်သံဓာတ်ကို သောက်ရေအဖြစ်သောက်သုံးနိုင် သည်အထိ ကုန်ကျစရိတ်သက်သာစွာဖြင့် လျော့ချစစ် ထုတ်ပေးနိုင်ရန် ပုံစံပြုဆောင်ရွက်ထားပါသည်။ သံဓာတ်ပါဝင်မှု မြင့်မား သည့်ရေကိုသာ သောက်သုံးနေရသည့် မိသားစုများနှင့် ကျောင်းများကို ၄င်းသဲရေစစ် ပုံးများကိုထောက်ပံ့ပေးပါသည်။

သန့်ရှင်းသောပတ်ဝန်းကျင်ရရှိစေရေး တိုးမြှင့်ဆောင်ရွက်ခြင်း
သန့်ရှင်းသောပတ်ဝန်းကျင်ရရှိစေရေး တိုးမြှင့်ဆောင်ရွက်ရာတွင် မိသားစု-ယင်လုံအိမ်သာ၊ ကျောင်း-ယင်လုံအိမ်သာဆောက် လုပ်ရေးနှင့် သန့်ရှင်းမှုမြှင့်တင်ရေး-ပညာပေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပါသည်။

ယင်လုံအိမ်သာဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
မိသားစု-ယင်လုံအိမ်သာ
မိသားစုယင်လုံအိမ်သာအစီအစဉ်၏ရည်ရွယ်ချက်သည် ယင်လုံအိမ်သာထောက်ပံ့ဖြန့်ဝေသည့်ကျေးရွာများတွင် အိမ်သာအသုံးပြု ခြင်းအားဖြင့် မစင်အညစ်အကြေးများမှ ရောဂါကူးစက်ဖြစ်ပွားနိုင်မှုအန္တရာယ်ကို လျော့ချနိုင်စေရန်ဖြစ်ပါသည်။

ဤအစီအစဉ်တွင် ပလပ်စတစ်အိမ်သာခွက်နှင့် အိမ်သာပိုက်များဖြန့်ဝေခြင်း၊ အိမ်သာတည်ဆောက်ရေးအတွက် နည်းပညာပံ့ပိုးမှု ပေးခြင်းများနှင့်အတူ သန့်ရှင်းမှုမြှင့်တင်ရေးသင်တန်းများလည်း ပါဝင်ပါသည်။ 

ကျောင်း-ယင်လုံအိမ်သာ
ကျောင်းယင်လုံအိမ်သာအစီအစဉ်သည်-
» ကျောင်းများအတွင်း မစင်အညစ်အကြေးများမှရောဂါကူးစက်ဖြစ်ပွားနိုင်မှုအန္တရာယ်ကိုလျော့ချနိုင်စေရန် နှင့်
»
အကြံဥာဏ်သစ်များကိုကောင်းစွာလက်ခံနိုင်သည့်အရွယ်ရှိ ကလေးငယ်များအား ပညာပေးအခွင့်အလမ်းကောင်း ဖန်တီးပေး နိုင်ရေး။      ဟူသော ရည်ရွယ်ချက် (၂)ရပ်ကို ကောင်းစွာဖွံ့ဖြိုးမှုရှိစေရန်ဖြစ်ပါသည်။
» ထို့အပြင် ဦးတည်မိသားစုများအတွင်းရရှိစေသည့် ပညာပေးသတင်းများကိုလည်း ကလေးငယ်များသို့ တူညီစွာ ရရှိစေပါသည်။ ၄င်းသည် မိသားစုများအတွင်း ကောင်းသောအမူအကျင့်သို့ပြောင်းလဲရေးအတွက် ပိုမိုကြီးမားသည့် အခွင့်အလမ်းသို့ ဦးတည်မှု ပေးရေးကို အားဖြည့်ပေးနိုင်မည်ဖြစ်ပါသည်။ 

သန့်ရှင်းမှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
သန့်ရှင်းမှုမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်  ပညာပေးသင်တန်းများ၊ ရပ်ရွာကျန်းမာ^သန့်ရှင်းရေးပညာပေး အကျိုး ဆောင်များ လေ့ကျင့်မွေးထုတ်ပေးခြင်း၊ ပညာပေးသရုပ်ပြဆောင်ရွက်ခြင်းများနှင့် အိမ်တိုင်ယာရောက်လေ့လာကြည့်ရှုခြင်း နည်း လမ်းများကို အသုံးပြု၍ ရပ်ရွာလူထုအတွင်း သန့်ရှင်းမှုမြှင့်တင်ရေး ဆောင်ရွက်ပါသည်။

ရပ်ရွာလူထုသို့ဖြန့်ဝေပညာပေးရာတွင် တစ်ဦးချင်းနှင့် ရပ်ရွာလူထုအဆင့်ပညာပေးခြင်းဆိုသည့် အဆင့်(၂)ဆင့်စလုံးတွင် ၀မ်း ပျက်-၀မ်းလျှောရောဂါကာကွယ် တား ဆီးရေးအတွက် ဦးတည်ချက်ထားဆောင်ရွက်ပြီး အောက်ဖော်ပြပါ သန့်ရှင်းမှုမြှင့်တင်ရေး နည်းလမ်းများ ပါဝင်ပါသည်။

၁။ ဆပ်ပြာ၊ ပြာ စသည်တို့ဖြင့် လက်ဆေးခြင်း
၂။ ရေရရှိရာနေရာများ (ရေတွင်း^ရေကန်များ)ကို ကာကွယ်ထိန်းသိမ်းခြင်း
၃။ ရေခပ်သယ်ယူခြင်းနှင့် အသုံးပြုခြင်းကြားရှိ အဆင့်များအားလုံးတွင်  ရေကိုကာကွယ်ထိန်းသိမ်းခြင်း
၎။ အိမ်သာအသုံးပြုခြင်းနှင့် မစင်အညစ်အကြေးများကို လုံခြုံစိတ်ချရစွာ စွန့်ပစ်ခြင်း

သန့်ရှင်းမှုမြှင့်တင်ရေးသင်တန်းများ
သန့်ရှင်းမှုမြှင့်တင်ရေးသင်တန်းများကို ကျေးရွာအဆင့်တွင်စီစဉ်ဆောင်ရွက်၍ အတူတကွပါဝင် ဆွေးနွေးဆောင်ရွက်ခြင်း နည်း လမ်းများဖြင့် ပြုလုပ်ပါသည်။ ဤသင်တန်းများတွင် သင်တန်းသားပါဝင်မှုမှာ အများဆုံး(၃၀)ဦးထိသာပါဝင်စေပြီး အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်များဖြင့် အုပ်စုသီးခြားစီ သင်တန်းများဖြင့်  ဆောင်ရွက်ပါသည်။ အုပ်စုတိုင်းတွင် သင်တန်း(၅)ချိန် စီ ပါဝင်ပြီး အထက်တွင်ဖော်ပြထားသည့်  သန့်ရှင်းမှုမြှင့်တင်ရေးနည်းလမ်းများကို ထည့်သွင်းဆွေးနွေး ပညာပေးပါသည်။

ရပ်ရွာသန့်ရှင်းရေးပညာပေးအကျိုးဆောင်များ (Community hygiene Facilitator - CF)

ဤအစီအစဉ်တွင် မိမိတို့ရပ်ရွာရှိ မိတ်ဆွေ-ရွာသူရွာသားများအား သန့်ရှင်းရေးပညာပေးရန်စိတ်အားထက်သန်ပြီး ရပ်ရွာအကျိုး စီးပွားကို ဖော်ဆောင်လိုသည့်ဆန္ဒရှိသူ အမျိုးသား(သို့မဟုတ်) အမျိုးသမီးများအား သန့်ရှင်းရေးပညာပေးခြင်းသည် အဓိက အရင်းအမြစ် ဖြစ်ပါသည်။

ACF သန့်ရှင်းမှုမြှင့်တင်ရေးဝန်ထမ်းများက ရွေးချယ်ထားသည့် ရပ်ရွာသန့်ရှင်းရေးပညာပေးအကျိုးဆောင်များအား လိုအပ် သည့် လေ့ကျင့်သင်ကြားမှုများကို ဆောင် ရွက်ပေးပါသည်။

ဤလေ့ကျင့်သင်ကြားပေးမှုများပြီးစီးသည့်အခါ- ကျေးရွာများအတွင်း သန့်ရှင်းရေးပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက် ရာတွင် ၄င်း ပညာပေး အကျိုး ဆောင်များကလည်း အတူပါဝင်ပူးတွဲဆောင်ရွက်ကြပါသည်။  ထိုမှတစ်ဆင့် အနာဂတ်ကာလတွင် ဤသန့်ရှင်းရေးပညာပေးခြင်းတာဝန်ကို ၄င်းတို့အား တဖြည်းဖြည်း လွှဲပြောင်းတာဝန်ပေးအပ်နိုင်ရန်ဖြစ်ပါသည်။

ပညာပေးသရုပ်ပြဆောင်ရွက်ခြင်းများ
ဤသန့်ရှင်းမှုမြှင့်တင်ရေးဇာတ်လမ်းအစီအစဉ်ကို သန့်ရှင်းမှုမြှင့်တင်ရေး-သရုပ်ပြ၀န်ထမ်းအဖွဲ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ရွာသူရွာသားများအား ဖျော်ဖြေရေးနည်းလမ်းတစ်ခုအဖြစ် ပညာပေးဇာတ်လမ်းများနှင့်ဇာတ်လမ်းတိုများ တင်ဆက်သရုပ်ဆောင်၍ သန့်ရှင်းမှုမြှင့်တင်ရေးကို ဆောင်ရွက်ပါသည်။

ဤအစီအစဉ်သည် ယဉ်ကျေးမှုနှင့်ပျော်ပွဲရွှင်ပွဲအဖြစ် ဆောင်ရွက်ခြင်းမှတစ်ဆင့် ဒေသရှိရပ်ရွာလူထုအား သန့်ရှင်းမှုမြှင့်တင်ရေး ၏အကျိုးသက်ရောက်မှုကို တိုးမြှင့်ရရှိစေပါသည်။

အိမ်တိုင်ယာရောက် လေ့လာကြည့်ရှုခြင်း
ဤအစီအစဉ်သည် ကျေးရွာအဆင့်သန့်ရှင်းမှုမြှင့်တင်ရေးသင်တန်းများကို မကြာခဏပါဝင်တက်ရောက်နိုင်ခြင်းမရှိသည့် အမျိုး သမီးများအပေါ် သန့်ရှင်းမှုပညာပေး ခြင်းကို မြှင့်တင်ရန်ဖြစ်ပါသည်။

ထို့အပြင် ဤအိမ်တိုင်ယာရောက်လေ့လာကြည့်ရှုမှုများသည် အိမ်ရှိမိသားစုဝင်အများစုကိုပါ တွေ့ဆုံပြောဆိုနိုင်သည့် အခွင့် အလမ်းကိုရရှိစေပြီး၊ ၄င်းတို့အိမ်ထောင် စု၏ သန့်ရှင်းမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ကိုယ်တွေ့မျက်မြင်အားဖြင့် အကဲဖြတ် သုံးသပ်နိုင်မည်ဖြစ်ပါသည်။

ဤကဲ့သို့ အာဟာရ၊ စားနပ်ရိက္ခာဖူလုံရေး၊ ရေနှင့်သန့်ရှင်းမှု (ရေကောင်းရေသန့်ရရှိရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်ရရှိစေရေး တိုးမြှင့်ဆောင်ရွက်မှု-ယင်လုံအိမ်သာဆောက်လုပ်ရေးနှင့် သန့်ရှင်းမှုမြှင့်တင်ရေး)အစီအစဉ်များ၏ပေါင်းစည်းဆောင်ရွက်မှုအား သည် ဒေသရှိရပ်ရွာလူထု၏ အထွေထွေကျန်းမာရေးအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုကို ရရှိစေနိုင်ပါသည်။
 

 
 
   

 

© 2007, www.myanmarfswg.net, All Rights Reserved.
Design by CREATIVE web studio
Visitors Counter : web page hit counter